19 June 2011

ကျေးဇူးကြီးပေ ဒို့ဖေဖေ

ကလေးဘ၀ ငယ်စဉ်မှ၊
ဆုံးမသွန်သင် အမြဲပင်။
ကျောင်းနေချိန်တန် ရောက်ခဲ့ပြန်
ပညာယူရန် ဆုံးမပြန်။
ကျောင်းတက်နေစဉ် ချိန်များတွင်၊
ပညာပြည့်ဝ နှလုံးလှကာ
လူကောင်းလူမွန်၊ဖြစ်လာစေရန်
သွန်သင်ဆုံးမပေးသော ဖေဖေ။
ပညာစုံလာ ချိန်ခါမှာ
လောကအလယ် တင့်တယ်စေဖို့
သွန်သင်ဆုံးမပေးသော ဖေဖေ။
ဘ၀တစ်လျှောက်အေးချမ်းစေရန်၊
မြဲရည်သန်လျှက်
သွန်သင်ဆုံးမပေးသော ဖေဖေ။
သမီးနဲ့သား ဇနီးမယားကို
လောကအလယ် တင့်တယ်စေ၊
ရှာဖွေကျွေးပေ တို့ဖေဖေ။
ဖေဖေ့မေတ္တာ၊ကျေးဇူးတရားကား
ကြီးမားလွန်းနေ ရေးဖွဲ့မကုန်နိုင်ပေ။

No comments:

Post a Comment