11 June 2011

ကွန်ပျူတာ ပြုပြင်ပေးသူတိုင်း ယုံကြည်ရပါသလား

       ကွန်ပျူတာပြုပြင်သူ Trevor Harwell သည် ဖောက်သည်တစ်ဦး၏ ကွန်ပျူတာထဲတွင် Spyware လို့ခေါ်တဲ့လျှို့ဝှက်ထောက် လှမ်းနိုင်သည့် Software ကို ထည့်သွင်းပြီး ထိုကွန်ပျူတာပိုင်ရှင် အမျိုးသမီး၏ရေ ချိုးနေသည့်ပုံများနှင့် အဝတ်အစားလဲနေ သည့်ပုံများကို ရိုက်ကူးခြင်းကြောင်း ရဲများ၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ Harwell ဆိုသူသည်အသက် ၂၀ရှိပြီဖြစ်သည်။ သူ့ထံတွင် သူ၏ဖောက်သည် အမျိုးသမီး၏ ဓါတ်ပုံများထောင်ပေါင်းများစွာရှိနေသည်ဟု ရဲများထံတိုင်ကြားခဲ့သည်။ Harwell သည် ကာလီဖိုးနီးယားပြည်
နယ် ရရှီတက်တွင်ရှိသော ကွန်ပျူတာပြုပြင်သည့် company တွင် အလုပ်လုပ်ကိုင်သူတစ်ယောက်ဖြစ်သည်။ သူသည်ကွန်ပျူတာထဲတွင် အချက်အလက်များအားလုံးစုစည်းနိုင်သော နည်းစနစ်တစ်ခုကို လျှို့ဝှက်စွာထည့်
သွင်းထားပြီး ကွန်ပျူတာ တွင်ပါရှိသော webcamera မှတဆင့် ဓါတ်ပုံမှတ်တမ်းများအားလုံးကိုရယူခဲ့သည်။ ကွန်ပျူတာအခေါ် Server က ဓါတ်ပုံများရိုက်ယူပြီးသောအခါ သူ၏ ဖုန်းသို့ဆက်သွယ်ပေးပြီး ဓါတ်ပုံများသည်
သူ၏အိမ်တွင်ရှိသော ကွန်ပျူတာထဲသို့အလိုအလျှောက်ရောက်ရှိလာသည်ဟုသူကိုယ်တိုင်ပြောကြားခဲ့သည်။
Fullerton ရဲများက သူ့အားဗုဒ္ဒဟူးနေ့တွင်  ဖမ်းဆီးခဲ့ပြီး ဒဏ်ငွေ ဒေါ်လာ ၅၀,၀၀၀ ပေးဆောင်စေကာပြန် လွတ်ပေးခဲ့သည်။

No comments:

Post a Comment